Prato Air Fryer

Air Fryer

Air Fryer ၊ Air Fryer နဲ့ လူပြောများနေတာတော့ ကြာပြီ၊ ဘာတွေအသုံးဝင်လို့လဲ? ဘယ်လိုတွေ သုံးရင်အဆင်ပြေမလဲ?
Air Fryer ဆိုတာ ဆီထည့်စရာမလိုဘဲ၊ စက်အတွင်းက လေပူစနစ်ကိုပဲ သုံးပြီး စားစရာတွေကို ကြော်လှော်နိုင်တဲ့ အကြော်စက်တစ်ခုပါ။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အပြင် အစားအစာတွေက ပိုပြီးအရသာရှိလာလို့ အိမ်တော်တော်များများမှာ သာမန် Cooker တွေအပြင် Air Fryer လေးတွေကိုပါ သုံးစွဲလာကြပါပြီ 🍳
ဒီတော့ Air Fryer လေးနဲ့ဆို ဘယ်လိုစားစရာတွေက ပိုပြီး စားကောင်းလာမလဲဆိုတာ PRATO Myanmar နဲ့ အတူတူ ကြည့်လိုက်ရအောင်။
Air Fryer နဲ့ဆိုရင် ..
🍤 ပုဇွန်တန်ပူရာကြော်
🍗 ကြက်ပေါင်ကြော်
🍟 အာလူးကြော်
🍖 Steak စတာတွေကို ပြုလုပ်ရတာပိုလွယ်ပြီး ပိုပြီးလည်း စားကောင်းပါတယ်တဲ့နော် 😍
ဒါတင်မကသေးပါဘူး။၊ ဟင်းအနှစ်ရအောင်၊ ဒါမှမဟုတ် အချိုဓာတ်ရအောင်လို့ ဟင်းတွေထဲကို ထည့်ချက်ကြတဲ့ ကြက်သွန်နီကြော်ကိုလည်း Air Fryer လေးနဲ့ လွယ်လွယ်ကူကူကြော်နိုင်ပါသေးသတဲ့ 😯
ကျန်းမာရေးနဲ့လည်း ညီညွှတ်၊ အသုံးပြုရလည်း လွယ်ကူတာကြောင့် သင်က မီးဖိုချောင်တာဝန်ယူထားရသူတစ်ယောက်ဆိုရင် Air Fryer တစ်လုံးလောက်တော့ မရှိမဖြစ်ဆောင်ထားဖို့ အကြံပေးပါရစေ 💁